နာဂဒေသ ထန်ပါခွေမြို့၌ မျိုးကောင်း မျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရေး ပညာပေး ဆွေးနွေးပွဲကျင်းပ

ထန်ပါခွေ  ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ ကျောက်ကယ် အုပ်စု တိုင်ငန်ကျေးရွာ အုပ်ချုပ်ရေးမှူး‌ရုံး၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က မျိုးကောင်း မျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရေး ပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝေမင်းဦးက ယခင်နှစ် မိုးစပါး မျိုးသန့် မျိုးပွား မျိုးစေ့အဆင့်မှ ထွက်ရှိ လာသော မှော်ဘီ(၂)စပါးမျိုးများအား ၂၀၂၁-၂၀၂၂ မိုးစပါးရာသီတွင် မှော်ဘီ(၂)မျိုးစေ့များပြောင်းလဲသုံးစွဲရေး၊ ယခုနှစ်ထွက် ရှိလာသော မိုးစပါး မျိုးများအား အခြားတောင်သူများသို့ မျိုးစေ့ ဖလှယ်၍ စိုက်ပျိုးကြရေးနှင့် သို့မှသာလျှင် မျိုးကောင်းမျိုးသန့်များ ကျေးရွာတစ်ခုလုံး လွှမ်းမိုးနိုင်မည်ဖြစ်ကြောင်း ပညာပေး ရှင်းလင်း ဆွေးနွေးသည်။

အဆိုပါ ပညာပေးဆွေးနွေးပွဲသို့ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးနှင့် မျိုးသန့် မျိုးပွား မျိုးစေ့ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဟန်ထွန်း(အင်းဝ)