ပန်ဆောင် ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီကကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် စားသုံး သူများကို လက်ဆေးရည်များ ပြင်ဆင် ထားရှိခြင်း၊ တစ်ဦးနှင့်တစ်ဦးကြားတွင် ကာရံပေး ထားခြင်း၊ ပိုးသတ်ထားသော ပုကန်၊ဇွန်းများစီစဉ်ပေးထားခြင်း၊ ကိုဗစ်-၁၉ ရောဂါများနှင့် ပတ်သက်သော အသိပညာပေးပိုစတာများကပ်ထားခြင်းများ စီစဉ်ထားရှိနိုင်ရေးနှင့် ရောင်းချ သူများနှင့်စားသုံးသူများ နှာခေါင်းစည်း Mask များတပ်ဆင်ရေးတို့အတွက် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ မြို့ရဲတပ်ဖွဲ့၊မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိရန်နှင့် (A) အဆင့် ရရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်တို့ကို ပညာပေးမှာကြားခဲ့ကြောင်း သိရသည်။
ဂျာယော်(ပြန် /ဆက်)