လဟယ်မြို့နယ်အတွင်း တိုင်းစက်မှုလယ်ယာမှ ဖော်ထုတ်ပေးသော လယ်ယာမြေအား တောင်သူများထံပေးအပ်ရန် အကွက်စိတ် တိုင်းတာနေမှု ကွင်းဆင်းစစ်ဆေး

လဟယ်  ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းစစ်မှုလယ်ယာ ခွင့်ပြုရန်ပုံငွေဖြင့် နာဂဒေသ လဟယ်မြို့နယ်အတွင်း လယ်ဧက (၁၅၀) ဧက ဖော်ထုတ်ပေးခဲ့ရာကြောင်း သိရသည်။

၎င်း လယ်ယာဖော်ထုတ်မှုတွင် တစ်ဧကလျှင် ငွေကျပ် (၉)သိန်းနှုန်းဖြင့် ခွင့်ပြုဖော်ထုတ်ခဲ့ရာ အံပေါ်ကျေးရွာတွင် ဧကပေါင်း (၅၀) ဖော်ထုတ်ပေးခဲ့ပြီး စိုက်ပျိုးရာသီချိန်အမှီ (၄၄)ဧကမှာ စပါး၊ ပြောင်း၊ ပဲပုတ်စသော သီးနှံများစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖော်ထုတ်ပြီး လယ်ယာမြေအား အံ့ပေါ်ကျေးရွာရှိ လယ်ယာမဲ့တောင်သူများအား ဦးစားပေးခွဲဝေပေးသွားမည်ဖြစ်ပြီး တောင်သူများထံ ခွဲဝေပေးနိုင်ရေး လဟယ်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဦးရဲထွန်းဦးနှင့် ရုံးအဖွဲ့များက မြေပြင်းကွင်းဆင်း၍ အကွက်စိတ်တိုင်းတာနေမှုနှင့် စိုက်ပျိုးရေရှိရေးရရှိရေး ရေသွယ်မြောင်း ဖောက်လုပ်မည့် နေရာအား ကွင်းဆင်းတိုင်းတာခြင်းကို ယမန်နေ့က နာဂဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးကာစီးရန်းနှင့် လဟယ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလတ်ဆက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှားဆက်(လဟယ်ပြန်/‌ဆက်)