ကျိုက်မ​ရော မြို့နယ်အတွင်း ​နွေရာသီ​ရေရှားပါးမှု မဖြစ်​​ပေါ်​စေရန်​ ရေ​ပေး​ဝေ​ရေးလုပ်ငန်းများ​ကွင်းဆင်း​ဆောင်ရွက်

ကျိုက်မ​ရော ဒီဇင်ဘာ  ၂၄

မွန်ပြည်နယ်၊   ကျိုက်မ​ရော မြို့နယ်အတွင်းရှိ  ​​ကျေးရွာများ၌ ​နွေရာသီတွင် ရေရှားပါးပြတ်လပ်မှု မရှိ​စေရန် အတွက်  ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး    ဦးစီးဌာနမှ  ( ၂၀၁၂ - ၂၀၁၃)  (၂၀၁၉-၂၀၂၀)   ဘဏ္ဍာရေးနှစ်အထိ ကျေးလက်​ဒေသဖွံ့ဖြိုး​ရေး ရန်ပုံ​ငွေဖြင့် ဆောင်ရွက်ခဲ့​သော​ ရေ​​ပေး​ဝေ​ရေး လုပ်ငန်းများ ဆောင်ရွက်​နေမှုကိုယမန်နေ့  နံနက်ပိုင်းမှစတင်၍  မြေပြင်ကွင်း ဆင်းစစ် ​ဆေးခဲ့​ကြောင်း သိရသည်။

ကွင်းဆင်းစစ်​ဆေးရာသို့ မြို့နယ် ဆည်​မြောင်းဦးစီးဌာနဦးစီးမှူး၊မြို့နယ် အ​ထွေ​ထွေ အုပ်ချုပ်​ရေဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျိုက်မ​ရော မြို့နယ်​ကျေးလက်​ ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ  ဦးစီးမှူးဦးပြည့်ဦးကိုကို နှင့် အင်ဂျင်နီယာဝန်ထမ်းများက ​ကျေးရွာပေါင်း ( ၇၃)ရွာ၌​  ရေရရှိ​ရေးလုပ်ငန်း ( ၁၃၅) ခု ကို​​​ ​ မြေပြင်ကွင်းဆင်းစစ်​​​ဆေး ကြည်ရှု၍ကျေးရွာမှ​ကော်မတီဝင် များနှင့် တွေ့ဆုံကာ ​ ​ရေ​​ပေး​ဝေ​ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ညှိနှိုင်းဖြေ ရှင်း​ ဆောင်ရွက်ပေးခဲ့​ကြောင်း ​ကျေးလက်​ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးမှူးထံမှ သိရသည်။

ချိုချို(ပြန်/  ဆက်)