ကံမမြို့နယ် မုန်းဒါးကြီးကျေးရွာတွင် မြေသားမိုး ရေလှောင်ကန် တူးဖော်ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီး

ကံမ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊   ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲ မရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မုန်းဒါးကျေးရွာအုပ်စု၊ မုန်းဒါးကြီး ကျေးရွာ၌ မြေအောက်ရေ တူးဖော်ရန်ခက်ခဲပြီး ရေရှားပါးသည့်အတွက် မြေသားမိုးရေလှောင်ကန်အား တူးဖော်ဆောင်ရွက် ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ  မြေသားမိုးရေလှောင်ကန်မှာ   အလျား ၁၂၀ ပေ၊ အနံ ၁၀၀ ပေနှင့် အနက် ၆ ပေ      ရှိပြီး၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  မူလ ခွင့်ပြုရန်ပုံငွေ ကျပ်  ၇၈   သိန်းဖြင့်  တင်ဒါအောင်မြင်ခဲ့သည့် Galaxy Khaing Mar ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  မုန်းဒါးကြီး ကျေးရွာမှ အိမ်ခြေ ၁၁၃ အိမ် ၊ လူဦးရေ ၄၁၇ ဦးတို့နှင့်ကျွဲနွား တိရိစာ္ဆန်များအား အကျိူးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)