ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က (ထန်းတပင်) အခြေခံပညာအထက် တန်းကျောင်း၏ (၂၃)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို အိမ်တိုင်ရာရောက် လိုက်လံ ကန်တော့မှုများဖြင့် အစဉ်အလာမပျက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ လျက်ရှိကြောင်း အ.ထ.က (ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှ သိရ သည်။
အခုနှစ် မြတ်ဆရာပူဇော်ပွဲမှာဆိုလို့ရှိရင် အသက်(၇၀)အောက် ဆရာ၊ ဆရာမက (၄၆)ဦး တစ်ဦးကို ငွေကျပ်ကိုးသောင်းနှုန်း၊ အသက်(၇၀)နှင့်(၈၀)ကြား ဆရာ၊ ဆရာမက (၄၀)ဦး တစ်ဦးကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ အသက်(၈၀)နှစ်အထက် ဆရာ၊ ဆရာမကျတော့(၁၄)ဦး ရှိတယ်၊ တစ်ဦးကို ငွေကျပ် တစ်သိန်းခွဲနှုန်း ကန်တော့တာပေါ့၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာဆို ကန်တော့ခံ ဆရာ၊ ဆရာမက (၉၀)ဦးလောက်ရှိတယ်၊ အခုရက်ပိုင်းမှာ မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီကနေပြီးတော့ အိမ်တိုင်ရာရောက် လိုက်လံကန်တော့ ပေးလျက်ရှိနေပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးပြင်ပက ဆရာ၊ ဆရာမဆို (၁၀)ဦးလောက်ပဲ ရှိတယ်၊ အဲဒါကိုကျတော့ ငွေလွှဲစနစ်(Wave Money)နဲ့ဆက်လက်ပြီး ပေးပို့ကန်တော့သွားမှာ ပါဟု မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှ ဦးမြသန်းက ရှင်းပြသည်။
အ.ထ.က(ထန်းတပင်)အခြေခံပညာ အထက်တန်းကျောင်းတွင် မြတ်ဆရာပူဇော်ပွဲကို ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများက စုပေါင်းကာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် လာလျက်ရှိသော်လည်း ယခုနှစ် (၂၃)ကြိမ် မြောက် တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှု နှင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းများကြောင့် ကန်တော့ ခံ ဆရာကြီး၊ ဆရာမကြီး(၁၀၀)ဦးတို့ကို အိမ်တိုင်ရာရောက် လိုက်လံကန်တော့မှုနှင့် ငွေလွှဲစနစ်များဖြင့် ကန်တော့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၂၁)ရက်နေ့မှစတင်၍ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)