မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်ထားရှိမည်

မော်လမြိုင်  ဒီဇင်ဘာ  ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀) မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်း တွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန် ကျား (၃၁) ဦးနှင့် မ(၂)ဦး စုစုပေါင်း (၅) ဦး ရောက်ရှိ လာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျား တိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

ထိုသို့Quarantine ဝင်ရောက်လာသော နေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်း ထွန်း၊ ကျန်းမာရေး ဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊  အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့ တည်းခိုမည့် အဆောင် များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးခဲ့သည်။

Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ပတ် တို့အားရယူ၍ COVID-19ရောဂါပိုးကူးစက်မှု ရှိ/မရှိ စစ်ဆေး သွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင်ကျန်းမာရေး စစ်ဆေးမှု တစ်ကြိမ် ဆောင်ရွက်ပေးကာ နှစ်ပတ် ထားရှိပြီးရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမ ှနေရပ်ပြန်လာသူပေါင်း (၁၈၆၇၇) ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)