အုတ်ဖို ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သမန်းကုန်းအုပ်စု သစ်ဆိမ့်ကုန်း ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းကျေးရွာအဆင့်မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းက ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြို့းတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်ဟေမာန်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသ ကြီး လူထုဗဟိုပြုစီမံကိန်း(CDD)မှ ဒေါ်အိသဲနိုင်က စီမံကိန်းအကြောင်းအရာ များနှင့် ပက်သက်၍ မိတ်ဆက်ရှင်းလင်းသည်။ ထို့နောက် သတင်း ပြန်ကြားဆက်သွယ်ရေးနှင့် ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေး တာဝန်ခံ(CSAG) ဦးစန်းတင်လင်းနှင့် သတင်းအချက် အလက်နှင့် စောင့်ကြည့်ကြီးကြပ်ရေးတာဝန်ခံ (M&E) ဦးရဲဝင်းကိုတို့က သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ က သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့သည်။
အလားတူ လင်းလွန်းပင်၊ အေးမြသာယာ၊ ဂုံညင်းတန်းကျေးရွာအုပ်စုတို့တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး ဦးဝင်းမြင့်စိုးနှင့် တာဝန်ရှိသူများက အဖွဲ့ခွဲကာ မိတ်ဆက်ရှင်းလင်းပွဲများ ကျင်းပခဲ့ကြောင်းနှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြောင်၊ ဝိုင်း၊ တယ်ပင်ကျော၊ ထန်းပင်ကုန်းကျေးရွာ အုပ်စုများသို့လည်းကောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကိုင်းကလေး၊ တောင်ကုန်း၊ ကျွဲဇင်းကျေးရွာအုပ်စု များတွင်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
အောင်သူ(အုတ်ဖို)