ရေနံချောင်းမြို့နယ်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း

ရေနံချောင်း ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ခန်းမ၌  ယမန်နေ့မွန်းလွဲ ၃ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ငွေကျပ်ခြောက်သိန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ PPE ဝတ်စုံ၊ Surgical Gown၊ Surgical Mask၊ Face Shield၊ Plastic Apron၊ Boot Cover၊ Goggle မျက်မှန် စသည့်စုစုပေါင်းငွေကျပ် ၆၆၂၉၆၄ တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးဦးမန်ကိုဟောနှင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံသို့ စိန်ပန်းပင် ကျေးရွာအုပ်စု ခြံကန်တောင်ကျေးရွာမှ ဦးကျော်ဝင်းနိုင်က လာရောက်ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး