လှိုင်းဘွဲ ဒီဇင်ဘာ ၂၄
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေ သော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင်တခွက်ဖိုးကျေးရွာအုပ်စု တခွက်ဖိုးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း(အရှည် ၂၇၀၀ပေ ၊ အကျယ် ၁၂ပေ ၊ ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၄၁,၇၀၀,၀၀၀)ကျပ်ဖြင့် စတင်အကောင် ထည်ဖော်ဆောင်ရွက်နေပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး စောသန်းထိုက်စိုးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများ ၁၀၀%ပြီးစီးသွားပါက တခွက်ဖိုးကျေးရွာမှ အိမ်ထောင်စု(၆၄၃)စု လူဦးရေ (၃၈၄၅)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး အဆင်ပြေလာမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)