လှိုင်းဘွဲမြို့နယ် ဝါးဂုတ္တော​ကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်းဖွင့်လှစ်

လှိုင်းဘွဲ            ဒီဇင်ဘာ ၂၄     

ကရင်ပြည်နယ် ​လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေ​သော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် သာယာကုန်းအုပ်စု ဝါးဂုတ္တောကျေးရွာ စည်းလုံးညီညွတ်ကွန်ကရစ်လမ်း ဖွင့်ပွဲ အခမ်းအနား ကို ယမန်​နေ့က ကျင်းပပြုလုပ်​ကြောင်းသိရသည်။

​ရှေးဦးစွာ ဝါး​ကျောင်းဆရာ​တော်၊ ဝါးကုတ်​တော​ကျောင်းဆရာ​တော်တို့မှ သြဝါဒစကား​မိန့်ကြားခဲ့ပြီး​သာယာကုန်း အုပ်စုအုပ်ချုပ်​ရေးမှူးနှင့် ​လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး​ဒေါ်​အေးမြနန္ဒာထွန်းတို့မှ ​ကျေးဇူးတင်စကားပြန်လည်​ပြောကြား​ခဲ့သည်။ ထို့နောက် ဝါးကုတ်​တော​ကျောင်းဆရာ​တော်၊ သာယာကုန်းကျေးရွာအုပ်စု အုပ်ချူပ်​ရေးမှူးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး​ဒေါ်​အေးမြနန္ဒာထွန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လစ်ပေးခဲ့​ကြကြောင်းသိရသည်။

အဆိုပါကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၄,၄၅၀,၀၀၀)ကျပ် ပြည်သူလူထု ထည့်ဝင်ငွေ(၂,၅၀၀,၀၀၀)ကျပ်တို့ဖြင့် လမ်း(အရှည် ၁၈၈၀​ပေ ၊ အကျယ် ၁၄​ပေ ၊ ထု ၆လက်မ)ဖြစ်ပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၅ရက်​နေ့တွင်စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၁၃ရက်​နေ့တွင်ပြီးစီး​ခဲ့၍ ဝါးဂုတ္တော​ကျေးရွာမှ အိမ်​ထောင်စု ၅၄၀စု၊ လူဦး​ရေ (၃၂၂၀)ဦးတို့၏ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေးနှင့် လူမှု​ရေးလုပ်ငန်းများအတွက် လမ်းပမ်းဆက်သွယ် အဆင်​ပြေ​လာပြီဖြစ်​ကြောင်းသိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)