လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ် အတွက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး အစည်းအဝေး ကျင်းပခဲ့ သည်။
အဆိုပါအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မိမိတို့မြို့နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့လိုအပ်ချက်များ၊ ရေတို၊ ရေရှည်အကျိုးစီးပွားများ၊ ပြည် သူ့အသံ၊ ဒေသဖွံ့ဖြိုးရေးရှုထောင့်၊ နည်းပညာရှုထောင့်၊ စီမံခန့်ခွဲရေးရှုထောင့်များမှ ဆောင် ရွက်နိုင်ရန်၊ ပြည်သူ့ဘဏ္ဏာအလေအလွင့်မရှိစေရေး၊ စီမံကိန်းများ အောင်မြင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင် လမ်းတံတား၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရေရ ရှိရေး စသည့် အကျိုးစီးပွားဦးတည်ရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ အနေဖြင့် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။
မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးသို့ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ ရွေးကောက်ခံကိုယ်စားလှယ် ဦးဟန်ထူးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ အပါအဝင် မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ် စီမံကိန်းရေးဆွဲရေးကော်မတီမှ မြို့နယ်ဦးစီးမှူး ဒေါ်မျိုးယုမော်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)