မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန် Surgical Maskခုရေ (၂၀၀၀၀) လှူဒါန်းခြင်းနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ Surgical Ground အထည်(၁၀၀) လှူဒါန်းခြင်း အခမ်းအနားကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ()နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် နိုင်ရန် Surgical Mask ခုရေ (၂၀၀၀၀) လှူဒါန်းခြင်းနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ Surgical Ground အထည် (၁၀၀)လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ထံသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဝေပေးသော Surgical Mask ခုရေ (၂၀၀၀၀)အား ရပ်ကွက်အလိုက် Mask Campaign ပြုလုပ်ပြီး ပြည်သူများထံသို့ ဖြန့်ဝေပေးရန် ထပ်ဆင့်ပေးအပ်ခဲ့သည်။ ထို့နောက် မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဦးအောင်မင်းလမ်းသွယ်၊ အမှတ်(၁၁)နေ အလှူရှင် ဦးသူရအောင်(ရတနာဖြိုးလူမှု ကယ်ဆယ် ရေး အသင်းဥက္ကဋ္ဌ)က မြို့နယ်ကိုဗစ်ကော်မတီသို့ Surgical Ground အထည်(၁၀၀) လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)