ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအား မဲပေးစက်ဆိုင် ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဇလွန် စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက် ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွှေးကောက်ပွဲအရာရှိ ဒေါ်အိသဇင်အောင်က မဲဆန္ဒရှင် ပြည်သူများအား မဲပေးစက်၏ ဖွဲ့စည်းတည်ဆောက်ပုံ MEVM စက်ဖြင့်စမ်းသပ်မဲပေးမှု အဆင့်ဆင့် လုပ်ငန်းစဉ်များကို Power Point ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများက တစ်ဦးချင်းလက်တွေ့ စမ်းသပ်မဲပေးခဲ့ကြပြီး ထို့သို့ မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ မဲပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ တာဝန်ရှိသူများကလှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)