ရန်ကုန် စက်တင်ဘာ ၃၀
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ကစ၍ သန်လျင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲကာ ကျန်းမာရေးဆေးပေးခန်းများ၌ သွေးတိုး၊ တီဘီ၊ ဆီးချိုဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများ ခံယူနိုင်ရန်(အခမဲ့)စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးခြင်း၊ အသက်(၆၀)ကျော် သက်ကြီးရွယ်အိုများအား လေ့ကျင်းခန်းများပြုလုပ်ပေးခြင်း၊ တီဘီသံသယလူနာများ ရှာဖွေပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဆီးချို၊ သွေးတိုးဝေဒနာရှင်များ၊ တီဘီဝေဒနာရှင်များအား စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးခြင်း၊ ဆေးများ(အခမဲ့)ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)