၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

အင်းစိန် စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အခွန်ဦးစီးမှူးရုံးအ‌‌နေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပ‌ဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် အင်းစိန်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်အိအိဖြူ၊ ဦးစီးအရာရှိ ဦးဇော်ဝင်းနှင့် ဦးစီးအရာရှိ ဦးကျော်လွင်ဦးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စားသောက်ဆိုင်၊ ရွှေဆိုင်လုပ်ငန်း၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်း၊ ဟန်းဆကနှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းများမှ လုပ်ငန်းရှင်များ စုစုပေါင်း ၁၁၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)