ခရမ်း ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင်း ဆောင်းသီးနှံဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူများအား ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် စိုက်ပျိုးရေး နည်းပညာများအားအသိပညာပေးခြင်းနှင့် နည်းပညာပေး ဆွေးနွေးခြင်းကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့နယ် ကျုံးကျုံးကျ ကျေးရွာတွင်ကျင်းပခဲ့သည်။
အဆိုပါပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲသို့ ရန်ကုန် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာ ကွယ်ရေးဌာနခွဲမှ တိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာစန်းစန်းဝင်း၊ ခရမ်းမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးဌေးမောင်နှင့်ဝန် ထမ်းများက ပဲတီစိမ်း စိုက်တောင်သူများအားပိုးမွှား ရောဂါကာကွယ်ရေး နည်းစနစ်များနှင့် ပြုပြင် ပြောင်းလဲရမည့် စိုက်ပျိုးရေး နည်း စနစ်နှင့်စိုက်ပျိုး ရေးပညာများ အားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ပဲစိုက်တောင်သူများ၏သိလိုမှုများကို ပြန်လည်ရှင်းလင်း ပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ နည်းပညာပေး ဆွေးနွေးပွဲသို့ ခရမ်းမြို့နယ် ကျုံးကျုံးကျ ကျေးရွာနှင့် အနီးကျေး ရွာများမှ ပဲတီစိမ်းစိုက် တောင်သူမျာတက် ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုမင်း ( ခရမ်း )