ဒေါပုံ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း မှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အာလူးနှင့် အလှူငွေများအား ယမန်နေ့နံနက်( ၁၀) နာရီအချိန်က ဆေးစက်ရပ်ကွက်၊ ပြဿဒ်ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရ သည်။
ထို့သို့လှူဒါန်းခြင်းတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေး အဖွဲ့ကအလှူငွေ(၂) သိန်း၊တိုင်းမင်းကြီး ဦးစိုးစိုးအောင်နှင့် ဒေါ်နန်းချိုချိုပြုံး မိသားစုတို့က ဆွမ်းဆန်၂၄ ပြည်ဆန်အိတ်(၂)အိတ်၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့မှဆီ (၁၀)ပိဿာ တစ်ပုံး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ် ရေးအဖွဲ့မှ ကြက်သွန်နီ (၁၅)ပိဿာပါ(၁)အိတ်၊ အာလူး( ၁၀၀)ပိဿာတို့ကို စုပေါင်းလှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါသွားရောက်လှူဒါန်းရာတွင် မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်တို့ကသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
သဲစုစုလွင်(ပြန်/ဆက်)