ဒဂုံတောင် ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ရွာသာကြီး(က.ည.န)ရုံးနှင့် စက်မှုဇုန်(က.ည.န)ရုံးများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက ဖွင့်လှစ်နိုင်ရေး ယမန်နေ့ ညနေ(၄)နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ် ကိုဗစ်ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ က.ည.န ရုံးများသို့ လာရောက်ကြသည့် ပြည်သူများဘေးကင်းလုံခြုံစေရေးနှင့် ရုံးအတွင်းရှိ ဝန်ထမ်းများ ဘေးကင်းရေးအတွက် ပြင်ဆင်ထားရှိမှုများကို သေချာစီစစ်၍ လိုက်လ ံစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် ရုံးဝန်းအတွင်းအခြားသော ဌာနခွဲငယ်များအတွက် ပြင်ဆင်ထားသည့် အခြေအနေများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အိကေသရီ(ပြန်/ဆက်)