ဟုမ္မလင်း ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးရွာ အတွင်းရှိ (VDP)ဖြင့်ဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်မည့်နေရာကို ယမန်းနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးနေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်၊ ဦးကျော်မြင့်ဌေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းလတ်နှင့်ဝန်ထမ်းများ၊ ကျေးလက် လမ်းဦးစီးဌာန နှင့်တာဝန်ရှိသူများက ဟုမ္မလင်းမြို့နယ်၊ နော်မော် - ဆပ်ကယားကျေးရွာလမ်း၊ ငေါက်စား-နော်မော်ကျေးရွာ ချင်းဆက်လမ်း၊ ပုရစ်ဖာနိုင်းအုပ်စုတာ ခေါင်းငေါရွာအဝင်တံတားများကို ကွင်းဆင်း တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)