ထီးချိုင့်မြို့နယ်အတွင်းရှိ GAP စနစ်ဖြင့် စိုက်ပျိုးထားသော လယ်သီးထပ်ဆောင်းသီးနှံ စိုက်ခင်းများ တွင် စိုက်စနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ထီးချိုင့် ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊  ကသာခရိုင်၊  ထီးချိုင့်မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနမှ  ကွင်းကြီး နည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ  GAP  စနစ်ဖြင့် စိုက်ပျိုးထားသော လယ်သီးထပ် ဆောင်းသီးနှံစိုက်ခင်းများတွင် စိုက်စနစ်မှန်ကန်ရေး၊  မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ ပိုးမွှား ရောဂါကျရောက်မှု ရှိ/မရှိကို ယနေ့နံနက်( ၈)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ကွင်းကြီးနည်းပညာပြန့် ပွားရေး တာဝန်ခံ   ဦးအာကာမိုးနှင့်ဝန်ထမ်းများက   စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ GAP  စနစ်နှင့် ပတ်သက်၍ရှင်းလင်းပြောကြားခြင်း၊  မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊  ပိုးမွှားရောဂါ ကျရောက်ခြင်းမှကာကွယ်နှိမ်နှင်းနိုင်ရေး၊  မိမိတို့စိုက်ခင်းအတွင်းဓါတုပိုးသတ်ဆေးအစား  သဘာဝ ပိုးနှင်ဆေးနှင့် သဘာဝမြေဩဇာများကို သုံးစွဲကြရန်၊ သဘာဝပိုးနှင်ဆေးနှင့် သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာများသည်    လူနှင့်ပတ်ဝန်းကျင်ကို    ထိခိုက်မှုမရှိဘဲ  ကုန်ကျစရိတ်သက်သာမှုရှိ

ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ရဲလင်းထွန်း (ထီးချိုင့်)