ပန်းတောင်းမြို့နယ် ထုံးဘိုတွင် စည်ပင်သာယာကော်မတီဝင်များရွေးချယ်ခြင်းဆိုင်ရာ နည်း ဥပဒေ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း ဒီဇင်ဘာ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ လူငယ်ကွန်ယက်မှ ကြီးမှူး ကျင်းပသော စည်ပင်သာယာကော်မတီများ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေ ဆွေးနွေးပွဲ အခမ်းအနားကို ထုံးဘိုဘုန်းကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာနည်းဥပဒေကို တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ်ဒေါ်ပပဟန်နှင့် လူငယ်တာဝန်ခံ ကိုပိုင်လေးတို့မှ ရှင်းလင်းဆွေးနွေးပြီး၊ တတ်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ်ဒေါ်ပပဟန်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ စျေးစည်ပင် ကော်မတီအဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံစိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)