ခန္တီးမြို့တွင် ပြည်ပမှပြန်လာသူငါးဦးနှင့် ကယ်ရီလိုက်ပို့သူတစ်ဦး ကန့်သတ်စောင့်ကြည့်ရက်ပြည့်၍ အိမ်ပြန် ခွင့်ပြု

ခန္တီး ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အိန္ဒိယနိုင်ငံမှ ပြန်လာသူငါးဦးနှင့်ကယ်ရီလိုက်ပို့သူတစ်ဦးကို အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းတွင် ရက်သတ္တပတ်နှစ်ပတ်ထားစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာ ရောဂါပိုးမတွေ့ရှိ၍ ယနေ့နေ့လယ် ၁၁ နာရီက ပြန်ခွင့်ပေးခဲ့ကြောင်း သိရသည်။

အိမ်ပြန်ခွင့်ပြုလိုက်သည့် အဆိုပါ (၆)ဦးသည် မိမိနေအိမ်တွင် Stay  Home တစ်ပတ်နေထိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ဆွီးနွာမ်က ပြောကြားခဲ့သည်။

စောင့်ကြည့်ရက်ပြည့်၍ ပြန်ခွင့်ပေးခြင်းကို မြို့နယ်ကျန်းမာရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်သိန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းဇော်ဦး၊ ပေါမိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ခဲ့ပြီး စောင့်ကြည့်ထားသည့်အခန်းအတွင်း အပြင်အား လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

ခန္တီးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာနှင့် ဆက်စပ်သူ ငါးဦးကိုစောင့်ကြည့်ထားကြောင်း သိရှိရသည်။

စနေမောင်မောင်(ခန္တီး)