ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask တပ်ဆင်မှုရှိစေရေး Mask Campaign လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက Mask Campaign များကို နေ့စဉ်ရပ်ကွက်များ၊ စျေးများ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် ၂ ရပ်ကွက် အမှတ် ၄ ရပ်ကွက် တို့၌ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါရပ်ကွက်များအတွင်းရှိ လမ်းများနှင့် စျေးအတွင်း၌ Mask တပ်ဆင် လာခြင်းမရှိသူများ၊ Mask များအား ရောဂါပိုး အဓိကကာကွယ်ရမည့် နေရာတွင် တပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင် ချိတ်သူများအား နောင်တွင် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask ကို စနစ်တကျ တပ်ဆင်ရေးအတွက် အသိ ပညာပေးပြောကြားပြီး ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းများအား အဖွဲ့များခွဲ၍ ဆောက်ရွက်ခဲ့ ကြောင်း သိရသည်။ အဆိုပါ Mask Campaign ကို ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ နေ့စဉ်အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)