ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာတွင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်    ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လှိုင်းဘွဲမြို့နယ် ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့မှ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စု၊ ထီးပနားကျေးရွာ၌ အလျား (၁၅)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၉)ပေရှိ ကွန်ကရစ်တံတားကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် (၉၈၈၈၀၀၀)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါကွန်ကရစ်တံတားကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တို့၏ စနစ်တကျလမ်းညွှန်မှုနှင့် ရပ်ရွာ ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ ပြည့်မီစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၎င်းလုပ်ငန်းများ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးပါက ရင်းဘိုင်းကျေးရွာအုပ်စုရှိ ထီးပနားကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာများတို့၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် အဘက်ဘက်မှ တိုးတက်လာမည့်အပြင် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)