မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ) လ(၁၀) Quarantine Center သို့ အလှူရှင်များမှ အလှူငွေများနှင့် ရေသန့်ကတ်များ လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ ဒီဇင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများထား ရှိရန် သီးသန့်ဖွင့် လှစ်ထားသည့် Quarantine Center တွင်  Quarantine ဝင်ရောက်သူ များနှင့် Volunteer များအား ချက်​ပြုတ်ကျွေးမွေးနိုင်ရန် အလှူရှင်များမှ အလှူငွေများနှင့် ရေသန့်ကတ်များကို ယမန်နေ့ နံနက် ၁၀ နာရီက  လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ရွှေပေါက်ကံစက်မှုဇုန်မှ လှထွန်းမိသားစုက အလှူငွေကျပ် (၃)သိန်းနှင့် (ဋ)ရပ်ကွက် ထာဝရရေအလှူအဖွဲ့မှ ရေသန့်ကတ် (၅၀)ကတ် လာရောက်လှူဒါန်းရာ ရွှေပေါက်ကံ မြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအဖွဲမှူး ဦးနိုင်ဝင်းက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရောက် နေသူများ နှင့် Volunteer များအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဖုန်း- ၀၉/၄၂၀၁၆၃၇၃၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ကြည်ပြာအေး (ပြန်/ဆက်)