မင်္ဂလာဒုံ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် နာရေးကူညီမှုအသင်း အရေးပေါ် လူနာများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုရန် PPE ဝတ်စုံ(၅၀)ကို မင်္ဂလာဒုံမြို့နယ် ကြူစမ်း ရပ်ကွက်နေ ဒေါက်တာရီရီဆွေ (အောင်ချမ်းမြေ့ဆေးခန်း) မိသားစုက ယနေ့နံနက်က လာရောက် လှူဒါန်းကြောင်း သိရသည်။
လှူဒါန်းရာတွင် တတိယအကြိမ်ဖြစ်ပြီး တစ်ကြိမ်လျှင် PPE ဝတ်စုံ (၅၀)စုံ စုစုပေါင်း(၁၅၀)စုံ လှူဒါန်းထားကြောင်းသိရပြီး လှူဒါန်းမှုတို့ကို အသင်း၏နာယက ဦးစိန်ဝင်းမှ လက်ခံယူပြီး ဂုဏ်ပြု မှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ နာရေးကူညီမှုအသင်း မင်္ဂလာဒုံမြို့နယ်သည် ဆင်းရဲနွမ်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် သူများ နာရေးနှင့် အရေးပေါ်လူနာတင်မော်တော်ယာဉ် လိုအပ်လာလျှင် အလွယ်တကူဆက်သွယ် နိုင်ရန် နံနက်ပိုင်းတွင် ၀၉ ၈၉၉၉၆၄၅၈၇ ဖုန်းနံပါတ်နှင့် ညနေပိုင်းတွင် ၀၉ ၈၉၉၉၆၄၅၈၈ ဖုန်းနံပါတ်များ သို့ ဆက်သွယ်ပါက (အခမဲ့)လိုက်လံပို့ဆောင်ပေးကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)