လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သုံးဘီးအမှိုက်သယ်ယာဉ်တစ်စီးလှူဒါန်း

လက်ပံတန်း ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်အတွင်း အမှိုက်သိမ်း ဆည်းရာ၌ အထောက်အကူဖြစ်စေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၎င်းတို့၏ လစာငွေများဖြင့် ကျပ် ၃၅ သိန်းတန် သုံးဘီးအမှိုက်သယ်ယာဉ် တစ်စီးအား မြို့နယ်စည်ပင် သာယာ​ရေးအဖွဲ့သို့ ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။          

အဆိုပါ အမှိုက်သယ်ယာဉ်အား အမှိုက်ကားကြီးများ မဝင်ရောက်နိုင်သော လမ်းသွယ်များ တွင် အမှိုက်များ သိမ်းဆည်းပေးနိုင်ရန် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ပြီး  မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျွန်းကလေးအုပ်စု အိုးဘိုတန်းလမ်းအထိ တစ်ပတ်လျှင် နှစ်ကြိမ် စတင်အမှိုက် သိမ်းဆည်း ပေးမည်ဖြစ်ပြီး သုံးဘီးယာဉ်ဖြင့် အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်း အောင်မြင်ပါ က နောက်ထပ် ဝယ်ယူဖြည့်ဆည်း ဆောင်ရွက်​ပေးသွားမည်ဖြစ်ကြောင်းကို မြို့နယ် စည်ပင် သာယာရေး ကော်မတီ ဦးကျော်မိုးခိုင်ထံမှ သိရသည်။ အဆိုပါ သုံးဘီးယာဉ်ပေးအပ်ပွဲသို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးချစ်ကိုကိုဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး