ကျိုက်ဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်မှုများ ဆောင်ရွက်

ကျိုက်ဒုံ ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်​နေ့ည၇နာရီက မီးသတ်ဦးစီးဌာနမှ ကျိုက်ဒုံမြို့ သန္ဓမီးသတ်ရုံး တာဝန်ခံရန်နိုင်လင်းနှင့်တပ်ဖွဲ့များသည့် ပူပြင်းခြောက်​သွေ့သောရာသီသို့ရောက်ရှိလာပြီးဖြစ်၍ ဒေသတွင်နေထိုင်သည့် ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေ​ရေးနှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များဆုံးရှုံးထိခိုက်နှစ်နာမှုများမဖြစ်ပေါ်စေ​ရေးအတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်သနေ္ဓမီးသတ်အဖွဲ့မှ မီးသတ်ရေယာဉ် တစ်စင်းဖြင့်မြို့အတွင်း၌ လှည့်လည်၍ ပြည်သူများ မီးအသုံးပြုရတွင်စနစ်တကျအသုံးပြုကြရန်၊ မီးချိတ်/မီးကဒ်များနှင့် ရေအိတ်သဲအိတ်များ ၊မီးသတ် ဆေးဘူးများ၊ ရေကန်များအတွင်း ရေအသင့်ထားရှိ​စေရန်၊ဖယောင်းတိုင်နှင့် အမွှေးတိုင်တို့ဖြင့် ဘုရားမီးပူဇော်ရာတွင် မီးစာကုန်သည်အထိ ဂရုပြုကြရန်၊ ရပ်ကွက်/ကျေးရွာများအတွင်း မီးတားလမ်းများကို ရှင်းလင်းဆောင်ရွက်ထားရေးနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့်စည်းမျဉ်စည်းကမ်းများအား မြို့အတွင်း၌ အသံချဲ့စက်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်