မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌  လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ရုံးခန်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးက (၂)ရပ်ကွက်၊ ဘုန်းကြီးလမ်း  မီးပွိုင့်ဧရိယာ ဝန်းကျင်အတွင်း ပုဂ္ဂလိကအဆောက်အအုံတစ်ခုမှ ကျော်လွန်ထားသည့် အပိုင်းများအား ပြန်လည် ပယ်ဖျက်၍ အများပြည်သူ အသုံးပြုခွင့်ရရန် ပြုပြင်တိုးချဲ့ရေးကိစ္စ၊ ရွှေပေါက်ကံရပ်ကွက် ပုဂံလမ်းမကြီးတစ်လျှောက်  ညောင်ရမ်းလမ်း၊  ပုဂံလမ်း၊ ဗိုလ်တေဇလမ်းမများ၌ လမ်းမီးများ မရှိသည့်နေရာများ မီးလင်းနိုင်ရေး ကိစ္စရပ်များကို

သက်ဆိုင်ရာဌာနများဖြစ်သည့် စည်ပင်သာယာရေး စီမံလမ်းတံတား တာဝန်ခံအရာရှိများ၊ မြို့နယ်လျှပ်စစ်နှင့် မြို့နယ်ဆက်သွယ်ရေးဌာနမှ အရာထမ်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)