စေတုတ္တရာ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၇)သန်းဖြင့် မဏ္ဍပ်ကိုင်းကျေးရွာတွင် ဂါလံ (၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
စင်မြင့်ရေစင်တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၇)သန်းဖြင့် ရေစင်အမြင့် (၂၀)ပေနှင့် အလျား(၁၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၄)ပေ ရှိသော ဂါလံ(၂၄၀၀)ဆံ့ရေကန်အား နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂါလံ(၂၄၀၀)ဆံ့ ရေစင်တည်ဆောက်ပြီးစီးသွားပါက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ အတွက် သာမက ကျွဲ၊ နွား တိရစ္ဆာန် များအတွက်ပါ သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး အကျိုးပြု နိုင်မည်ဖြစ် ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)