တောင်ဥက္ကလာပ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန်အတွက် ငွေကြာယံစာသင်တိုက် ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ယမန်နေ့က ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် ငွေကြာယံစာသင်တိုက်ကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေ၊ လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်နှင့် ဇနီးဒေါ်နန်းချိုချိုပြုံးမိသားစုတို့က ဆွမ်းဆန်တော် (၂)အိတ်၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ အလှူငွေ(၂)သိန်းကျပ်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့တို့မှ ဆီ(၁၀) ပိဿာ (၁)ပုံး၊ အစရှိသည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်း ခဲ့ရာ အလှူရှင် များကိုယ်စား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့က ကျောင်းအုပ် ဆရာတော်ထံ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ကြက်သွန်နီ(၁၅) ပိဿာ၊ အာလူး (၁၀)ပိဿာ အစရှိသော လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းထက်ထက်အောင်(ပြန်/ဆက်)