တံတား ဒီဇင်ဘာ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ရှိ ပြည်သူများလျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် (၉) နာရီက တံတားမြို့ လျှပ်စစ်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းကဲ့သို့ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရခြင်းမှာ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာ နေထိုင်နိုင်ရေး၊ လျှပ်စစ်ဗို့အားပြည့်မီစွာရရှိနိုင်ရေး၊ သစ်ပင်သစ်ကိုင်းများပေါ်သို့ ဓါတ်အား လိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျခြင်း၊ ဓါတ်အားလိုင်းကြိုးပေါ်သို့ သစ်ပင် သစ်ကိုင်းများ လဲကျခြင်း၊ ကျိုးကျခြင်း၊ လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်ခဲ့လျှင် အန္တရာယ် ကင်းရှင်းစေရေး အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်များဆောင်ရွက်နေစဉ်အတွင်း နံနက် ၉ နာရီမှ ၁၂ နာရီခွဲအထိ လုပ်ငန်း ဆောင်ရွက်သည့် ရပ်ကွက်များတွင် သွယ်တန်းထားသော 11 KV မြို့တွင်းလိုင်းအား Connection ခွာ၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းမည်ဖြစ်၍ ယာယီဓါတ်အားပြတ်တောက်မည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား ကြိုတင်အသိပေး ကြေညာထားကြောင်း တံတားမြို့ လျှပ်စစ်မန်နေဂျာရုံး တာဝန်ခံ ဦးကျော်ကိုကိုလတ်ထံမှ သိရှိရသည်။
တင်နိုင်ဝင်း (ပြန်/ဆက်)