ထီးလင်း ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် ကျေးလက် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ(၆၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့်ကွန်ကရစ်တံတားကို ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ်(၃၆ ဒဿမ ၆) သန်းဖြင့် တင်ဒါအောင်မြင် သည့် ငွေယွန်းစံကုမ္ပဏီက တာဝန်ယူ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လမ်းမှာ အရှည် (၁)မိုင် (၃)ဖာလုံရှိပြီး အကျယ်(၁၂)ပေ၊ထု (၉)လက်မရှိ မြေနီကျောက်စရစ် ခင်းခြင်းနှင့် (၁၅×၁၄×၆)ပေ ရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အငယ်တန်းအင်ဂျင်နီယာ(၂) ဦးကံချွန်၊ အငယ်တန်းအင်ဂျင်နီယာ(၃)ဒေါ်ဝေနွယ် တို့က ကွင်းဆင်း စစ်ဆေးကြကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလ အချိန်မီတည်ဆောက် ပြီးစီး နိုင်ရေးတို့ကို တာဝန် ရှိသူများနှင့်ဆွေးနွေးခဲ့ကြသည်။
ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် ဒေသဖွံဖြိုးရေးလုပ်ငန်း (၁၀)ခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အောင်စည်(ပြန်/ဆက်)