စုကလိ. ဒီဇင်ဘာ ၂၄
ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် စာကောင်းပေကောင်း ဖတ်ရှုနိုင်ရန်အတွက် စာရေးဆရာ စိုးဝင်းနိုင်(ကျောက်ဆည်) ရေးသားသော ဘဝရီးကြမ်း လျှောက်လှမ်း နေသူတိုင်းအတွက်နင်လားဟဲ့ဘဝ စာအုပ်ကို စုကလိမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက မြို့ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် စုကလိမြို့ ပြန်/ဆက်ဦးစီးမှူးဦးဇော်နိုင်လင်း က စာအုပ်များကို လက်ခံရယူပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားသောပြည်သူ့စာကြည့်တိုက် ပြန်လည်ဖွင့်လှစ်ချိန်၌ ပြည်သူများ ၎င်းစာအုပ်အား လေ့လာဖတ်ရှုနိုင်ရန်အတွက် မြို့ပြည်သူ့စာကြည့်တိုက်တွင် စာရင်းပြုစု၍ခင်းကျင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စာအုပ်တွင် ဘဝအခြေပြုပညာပေးစာစုများ၊ စိတ်ဓာတ်ခံယူချက် အခြေပြုပညာပေးစာစုများ၊ စဉ်းစားတွေးခေါ်မှု အခြေပြု စာစုများနှင့် စိတ်အပန်းပြေမှုအခြေပြု ဟာသစာစုများ စသည်ဖြင့် သုတ/ရသစုံလင်စွာရေးသားထားကြောင်းသိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)