သန်လျင် ဒီဇင်ဘာ ၂၄
သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ အခြေခံ နွမ်းပါးသက်ကြီးရွယ်အို အိမ်ထောင်စု(၁၀၀)သို့ We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့နှင့် We Love ThanLyin အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်က သက်ကြီးရွယ်အို နွမ်းပါးအိမ်ထောင်စု များအား အခြေခံစားသောက်ကုန် များကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့သည်။
ယင်းသို့ ထောက်ပံ့ရာတွင် လက်ယက်စမ်းနှင့် နတ်စင်ကုန်းကျေးရွာတို့မှ အိမ်ထောင်စု ၂၄ စု၊ ကညင် ကျေးရွာမှ အိမ်ထောင်စု ၁၉ စု၊ မီးဘေးသင့်နှင့် အလှူခံလာသူ အိမ်ထောင်စု ၈ စုတို့အား တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ သား၊ ငါးသေတ္တာ ၁၀ ဘူး၊ ခေါက်ဆွဲခြောက်အထုပ် ၃၀ စီကို We Love ThanLyin လူထုအခြေပြုပရဟိတအဖွဲ့နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)