ပြည်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပြည်         ဒီဇင်ဘာ   ၂၄ 

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ပြည်မြို့၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ဖြစ်သည့်အတွက် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့လာသော စံလုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်းဖတ်ကြားပြီး တက်ရောက်လာသူ များမှလည်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာ ပြင်ဆင်ခြင်း၊ ရောင်စုံမီးအလှများတပ်ဆင် ထွန်းညှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်သွားမည့် အခြေအနေများကို သက်ဆိုင်ရာကော်မတီများက ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ငြိမ်းငြိမ်း ( ပြန်/ဆက်)