တောင်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီးကြောင်းနှင့် ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ လူထုအ‌ခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းပြီးကြောင်းနှင့် ကော်မတီဝင်များ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တောင်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်(တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ)မှ" ရန်ကုန် တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ညွှန်ကြားထားသော စာကြည့်တိုက်နှင့် ပတ်သတ်သည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေး၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စာကြည့်တိုက် (၇)တိုက်တွင် (၁)တိုက်သာ စံညီစာကြည့် တိုက်သာရှိသည့်အတွက် ကျန်စာကြည့်တိုက်များ စံညီဖြစ်လာစေ ရေး၊ မှတ်ပုံတင်ထားသည့် စာကြည့်တိုက်များ ဖြစ်လာစေရေးနှင့် ပိတ်ထားသော စာကြည့်တိုက်များ ပြန်လည်ရှင်သန်လာ စေရေး"  စသည်တို့ကို ဆွေးနွေးခဲ့ပြီး မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် များမှလည်း ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်းခဲ့ကြသည်။

အဆိုပါ အစည်းအဝေးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်း အဝေးများ ဆက်လက်၍ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

ဝင်းထက်ထက်အောင် (ပြန်/ဆက်)