ကောလင်း သြဂုတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် ကိုဗစ်-၁၉ Economic Relief Plan (CERP)အရ ကျေးလက်ဒေသနေ ပြည်သူများ၏ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work စီမံကိန်းနှင့် ကျေးရွာ လည်ပတ်ရန်ပုံငွေစီမံကိန်း Village Revolving Fund Project များကို အကောင်အထည်ဖော်ဆောင်ရွက်ရှိရာ Cash For Work စီမံကိန်း များဖြင့် ဥမှင်ကုန်းအုပ်စု၊ တောင်ပုတ်စုကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေနုတ်မြောင်း အရှည် ပေ၃၄၀၀ X အကျယ် ၁ပေ ခွဲ X အနက် ၁ပေ ခွဲတူးဖော်ခြင်း၊ ကျေးရွာတွင်း လမ်းအရှည် ၃၄၀၀ ပေ X အကျယ် ၁၀ပေ X ထု ၆လက်မ ဂျင်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်ဦးနှင့် ဝန်ထမ်း များကကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကောလင်းမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း ကျေးလက်ဒေသများတွင် ကျေးလက် နေပြည်သူများ အနေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေ ထောက်ပံ့ပေးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေကာ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး Cash For Work စီမံကိန်းကို ကောလင်းမြို့နယ်အတွင်း ကျေးရွာပေါင်း(၆)ရွာတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း(၅)ခု ၊ အားကစားကွင်းပြုပြင်ခြင်း(၁)ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း (၅)ခုတို့ကို ကျေးရွာတစ်ရွာလျှင် သိန်း(၁၀၀)စီ ထောက်ပံ့၍ (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ) သုံးလကြာအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာမ တည်ရန်ပုံငွေ (VRFP) စီမံကိန်းလုပ်ငန်းကို ကျေးရွာပေါင်း(၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နွယ်ဦး ထံမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)