ဒိုက်​ဦးမြိုနယ်​တွင်​ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ကော်​မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ဒိုက်​ဦး ဒီဇင်​ဘာ ၂၃

ပဲခူးတိုင်း၊ ဒိုက်​ဦးမြို့နယ်​၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာနှင့် ရွှေအင်ဒုံ ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာတို့တွင် ဒီဇင်ဘာလ ၂၃ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်​ ဒိုက်​ဦးမြို့နယ်​ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ တိုင်းဒေသကြီး-၁ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်၊ တိုင်း‌‌ဒေသကြီး-၂ လွှတ်တော် ကိုယ်စားလှယ်ဦးသူရဇော်တို့က အဖွင့်အမှာစကားပြောကြားပြီး​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်​ဦးစီးမှူး​ ဒေါ်ချိုချို​အေး၊ စီမံကိန်းတာ၀န်ခံ ဦးကျော်ပိုင်ဖြိုးတို့မှ (VDP)​ကျေးရွာ ဖွံ့ဖြိုး တိုးတက်​ရေးစီမံကိန်း ကျပ်​သိန်း(၁၀၀)လုပ်​ငန်းနှင့်​ပတ်​သက်​၍ စီမံကိန်းအ​ကောင်​အထည်​ဖော်​ဆောင်​ရွက်ရန်​အတွက်​ ရှင်းလင်း​ပြောကြားကာ​ ကော်​မတီဖွဲ့စည်းခြင်း၊ အ​ကောင်​အထည်ဖော်​ ဆောင်​ရွက်​မည့်​ ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေး လုပ်​ငန်းစီမံကိန်းမိတ်​ဆက်​ခြင်း နှင့်​ ကျေးရွာ​ကော်​မတီ​ရွေးချယ်​ခြင်းအား​ဆောင်​ရွက်​ခဲ့သည်​။

၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ်​တွင်​ ဒိုက်​ဦးမြို့နယ်​အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေး လုပ်​ငန်းအ​ကောင်​အထည်​ဖော်​ဆောင်​ရွက်​မည့်​ ကျေးရွာ(၁၂)ရွာရှိပြီး​ကျေးရွာများတွင် မည်​သည့်​ လုပ်​ငန်းလုပ်​ကိုင်​သည်​ဖြစ်​စေ အဖွဲ့စုံစုံလင်​လင်​ဖြင့်​ ဆောင်​ရွက်​တတ်​စေရန်​၊ နှစ်​အလိုက်​ဆောင်​ရွက်​မည့်​ လုပ်​ငန်းများအတွက်​ရံပုံ​ငွေများလျာထားနိုင်​စေရန်​၊ ဋ္ဌာနအသီးသီး၏ ဖွံ့ဖြိုး​ရေးလုပ်​ငန်း​တွေနှင့်​ ကျေးရွာ ဖွံ့ဖြိုး​ ရေး လုပ်​ငန်းများ ချိတ်​ဆက်​လုပ်​ကိုင်​နိုင်​စေရန်​အတွက်​ အခမ်းအနားကျင်းပရခြင်း ဖြစ်​ကြောင်း သိရသည်။

ကျော်​ကျော်​(ဒိုက်​ဦး)