ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်စာကြည့်တိုက်များရှိ ကော်မတီဝင်များအား စာကြည့်တိုက်မှတ်ပုံတင် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီမှ ရပ်ကွက်စာကြည့်တိုက် များရှိ ကော်မတီဝင်များအား စာကြည့်တိုက် မှတ်ပုံတင်နိုင်ရေးအတွက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်စိမ်းမြရည်က တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် စာကြည့်တိုက် မှတ်ပုံတင်လျှောက်ထားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ကျင်ဆန်းက ရပ်ကွက်စာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပတ်သက်၍ အကြောင်းအရာများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှလှေထွေး က စာကြည့်တိုက်မှတ်ပုံတင် လျှောက်လွှာများအား အချက်အလက်အစုံ ဖြည့်စွက်၍ မှတ်တမ်း ဓာတ်ပုံနှင့်တကွ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီသို့ ဇန်နဝါရီလ ပထမအပတ် အရောက်ပေးပို့ရန် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်စာကြည့်တိုက် ကော်မတီဝင်များက အသီးသီး ဆွေးနွေးကြောင်း သိရသည်။

လှလှထွေး( ပြန်/ ဆက်)