ကျောင်းစုကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်၀န်း) တွင် ဆောင်ရွက်လျက်ရှိသော ရွာတွင်းကျောက်ရောမြေသားလမ်း ခင်းခြင်းလုပ်ငန်းများ (၉၅)ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ  ဒီဇင်ဘာ  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ကြက်တူရွေးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ ရွာတွင်းကျောက်ရော မြေသား လမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ(၂၆)ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းကျောက်ရောမြေသားလမ်းခင်းခြင်း လုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် (၁၃၇၅၀၀၀၀) ဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၆၀၀ပေ x အကျယ် ၁၄ပေ × ၁ပေ)ရှိပြီး လှိုင်းဘွဲမြို့နယ်၊ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီး ဌာနနှင့် မြို့နယ်နည်းပညာအကြံ ပေးအဖွဲ့တို့မှ တာ၀န်ရှိသူများ၏ စနစ် တကျလမ်းညွှန်မှုနှင့် ကျေးရွာ ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှု တို့ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ‌ပြီး ယခုအခါတွင် (၉၅) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ကြက်တူရွေးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)