ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျိုက်မရောမြို့နယ်အတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးပို့လှူဒါန်း

ကျိုက်မရော ဒီဇင်ဘာ ၂၄

ကိုဗစ် - ၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကမော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ပြည်သူ့ဆေးရုံ၊ ကျိုက်မရော လူငယ်ပရဟိတအဖွဲ့နှင့် ဖြူစင်နှလုံးသားပရဟိတအဖွဲ့တို့အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နေက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ ကျော်ဝင်းဇော်က မြို့နယ်အတွင်း   ကိုဗစ်- ၁၉ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်နေမူအခြေအနေ များကို ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိူးမြင့်က လှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှု ခြေအနေကို ရှင်းလင်းပြောကြားသည်။

ထို့နောက်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကပေးပို့လှူဒါန်းသော အထောက်အကူပြုပစ္စည်း စုစုပေါင်း (၁၆) သိန်း​​​​ကျော်တန်ဖိုးရှိ PPE ဝတ်စုံ ၉၀ Surgical Gown ၃၂၀၊ Surgical Mask(၄၀၀) Face Shield ၁၅၀၊ Plastic Apron ၉၀၀၊ N 95 mask ၁၈၆၀၊KN 95 mask-3M ၃၀၊  လက်အိပ် ၁၀၀ ခုပါ ၁၅ဘူး၊ ကလိုရင်း ပိုးသတ်ဆေး ၁၀၀ml၇၀ဘူးနှင့် အင်နာဗွန်စီအားဆေး (၂၀၀၀)တို့အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်နှင့် တာဝန်ရှိသူများက ​​ဖောင်ဒေးရှင်းကိုယ်စားပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်ဝင်းဇော်နှင့် ပရဟိတအဖွဲ့များမှ လက်ခံရယူ ခဲ့ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ချိုချို (ပြန်/ဆက်)