သုံးခွမြို့နယ်တွင် ဘိုးဘွားရိပ်သာတည်ဆောက်မည့် မြေနေရာတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုး

သုံးခွ ဩဂုတ် ၄

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သုံးခွမြို့နယ်သိုက်တူးကန် ကျေးရွာ (ရဲနွဲ့တာအနီး) သုံးခွ-သန်လျင် ကားလမ်းဘေးဧရိယာ (၄ ဒသမ၉၄) ဧက ကျယ်ဝန်းသည့် ဘိုးဘွားရိပ်သာ တည်ဆောက်မည့် နေရာတွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးမှုကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဘိုးဘွားရိပ်သာ တည်ဆောက်မည့်မြေနေရာတွင် အရိပ်ရသစ်ပင်များကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရိုးရှင်းသောပရဟိတ၊ တကောကျေးရွာ ဖြူစင်ပရဟိတအသင်းတို့ ပူးပေါင်း၍ ဘိုးဘွားများ သစ်ပင်များ၏ အရိပ်တွင်နားခိုစရာ အရိပ်ရရှိစေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်းဖြင့် ဘိုးဘွားများ၏ စိတ်ကိုချမ်းမြေ့စေရေးတို့အတွက် အရိပ်ရပင်၊ လေကာပင်၊ ပန်းအလှပင် နှင့် နှစ်ရှည်သီးပင်စားပင်များအဖြစ် မဟောဂနီ၊ မယ်ဇယ်၊ ခရေပင်၊ ကုက္ကိုပင်၊ ဗာဒံပင်၊ မန်ဂျန်ရှား၊ သပြေပင်၊ ဂျပန် ချယ်ရီ၊ သရက်ပင်၊ မရမ်းပင်၊ မာလကာ၊ ပိန္နဲပင်၊ အုန်းပင်၊ ထန်းပင်နှင့် မကျီးပင် စသည်ဖြင့် ပျိုးပင် ၂၀၀အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

စည်သူလင်း ပြန်/ဆက်