ကျွန်းစုကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) တွင် ရွာတွင်းဂဝံ‌မြေသားလမ်း ခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

ပိုင်ကျုံ  ဒီဇင်ဘာ  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ကြက်တူရွေးကျေးရွာအုပ်စု၊ ကျွန်းစုကျေးရွာ ရွာတွင်းဂ၀ံမြေသားလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ (၃၀)ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းဂဝံ‌မြေသားလမ်းခင်းခြင်းလုပ်ငန်း သည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ ငွေကျပ်(၁၄၆၅၀၀၀၀)ဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၂၁၀၀ပေ x အကျယ် ၁၄ပေ × ၁ပေ)ရှိပြီး လှိုင်းဘွဲမြို့နယ်၊ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ ပေးအဖွဲ့တို့မှ တာ၀န်ရှိသူများ၏ စနစ်တကျလမ်းညွှန်မှုနှင့် ကျေးရွာ ပြည်သူ လူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)