ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

ရေတာရှည်   ဒီဇင်ဘာ   ၂၄

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ တံတားကြီးကျေးရွာတွင် ရွာသူ ရွာသားများအားလုံးစုပေါင်း၍ အမှိုက်ကင်းစင် ရေး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေည့် လုပ်ငန်းများအား ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်း က တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့် တာဝန်ရှိသူများသည် ကျေးရွာအနောက် ဆွာချောင်းဘက်ခြမ်းရှိ ကုန်းမြင့် နေရာ၌ ပန်းခြံနှင့် အားကစားလေ့ကျင့်ရေး ပစ္စည်း များ တပ်ဆင်ဆောက်လုပ်မည့်နေရာ ရှင်းလင်းထားရှိမှုနှင့် ဆွာချောင်းအတွင်း ဒုတိယ ကမ္ဘာစစ် ကာလ က ချောင်းဖြတ်ရထားလမ်းတံတားအား လေယာဉ်ဖြင့် ဗုံးကြဲချဖျက်ဆီးစဥ်က ပြုတ်ကျနစ်မြုပ်လျက်ရှိသော ရထား တွဲကြီးကို ကြည့်ရှုလေ့လာခဲ့သည်။

တံတားကြီးကျေးရွာသည် အိမ်ခြေပေါင်း ၆၇ အိမ်လူဦးရေ ၃၀၀ ကျော်ရှိပြီး အိမ်တိုင်း အမှိုက်ပစ်သည့် မြေကျင်းများတူးဖော်ခြင်း၊ နေအိမ်ဝန်း အတွင်းရှိ ခြုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ကျေးရွာတွင်း လမ်းများတွင် အမှိုက်ပုံးများထားရှိခြင်းနှင့် နေ့စဥ်အမှိုက်ကောက် ခြင်း လုပ်ငန်းများ ကို ဆောင်ရွက် လျက် ရှိ​ကြောင်း သိရသည်။

ဆု(ပြန်/ဆက်)