သောက်သုံးရေ အဆင်ပြေစေရန်တွက် ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

လှိုင်းဘွဲ         ဒီဇင်ဘာ     ၂၅ 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် သမိုကျေးရွာအုပ်စု ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်း ရေသွယ်တန်းခြင်း (၅၂၈၀ ပေ)နှင့် ရေလှောင်ကန်(အလျား ၁၂ပေ x အနံ ၁၀ပေ x အမြင့် ၅ပေ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၁၂,၀၀၀,၀၀ဝိ/- ကျပ်ဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါစိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေလှောင်ကန်ဆောက်လုပ်ခြင်းလုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းမှလက်ထောက် နည်းပညာမှူးဦးမျိုးကိုကို၊ လူထုစည်းရုံးရေးမှူး စောကျော်နိုင်တို့မှအနီးကပ်ကြီးကြပ်မှု၊ ပြည်နယ်အင်ဂျင်နီယာ အကြံပေးဦးအောင်ကျော်ဇံ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀% ပြီးစီးပါက ဝေါကျယ်ကျေးရွာမှ အိမ်ထောင်စု(၃၃)စု လူဦးရေ (၁၉၅)ဦးတို့၏ သောက်ရေ/သုံးရေများ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)