ဥဒေါင်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို တက်ရောက်

လှိုင်းဘွဲ         ဒီဇင်ဘာ     ၂၅ 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ဥဒေါင်းကျေးရွာအုပ်စု ဥဒေါင်းကျေးရွာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို ဥဒေါင်းကျောင်းဆရာတော်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်ချိုနှင့် အနိုင်ရအရွေးချယ်ခံကိုယ်စားလှယ် ဒေါ်ဖြူစင်အိတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းသည် (အရှည် ၁၆၀၀ ပေ x အကျယ် ၁၂ ပေ x ထု ၆ လက်မ)ဖြစ်ပြီး လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေ ၁၈,၀၀၀,၀၀ဝိ/- ကျပ်ဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ပြီးစီးပြီဖြစ်၍ ဥဒေါင်း ကျေးရွာမှ အိမ်ထောင်စု (၂၀၂)စု၊ လူဦးရေ (၁၁၉၇)ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး အဆင်ပြေလာပြီ ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)