ကမာရွတ် ဒီဇင်ဘာ ၂၅
ကမာရွတ်မြို့နယ်အတွင်း ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများ တွင် အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာတင်ယာဉ်ကား ဝယ်ယူရန်အတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလူမှုကူညီရေးအသင်းသို့ ယမန်နေ့ က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကွယ်လွန်သူ ဒေါ်အေးသိမ်းအားရည်စူး၍ ဦးရဲမြင့်မိသားစု (ရတနာလမ်း) ၃ ရပ်ကွက်မှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လူမှုရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ စသည့်နေရာများတွင် အသုံးပြုနိုင်ရန် အတွက် လူနာတင် ယာဉ်ကားဝယ်ယူနိုင်ရန် အလှူငွေ (သိန်း ၇၀)ကျပ်တိတိကို လှူဒါန်းခဲ့ရာ လှည်းတန်းလူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)