ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ပထမ(၃)လပတ်တွင်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၃)ခုရာနှုန်းပြည့်ပြီးစီး

ရှမ်းရွာသစ်    ဒီဇင်ဘာ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာ လှပစေ ရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန် စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့မြို့သန့်ရှင်းသာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ပထမ(၃)လပတ်တွင် ခွင့်ပြုရန်ပုံငွေကျပ် (၂၅.၀၀)သန်း ဖြင့်အလျား (၆၄၀)ပေ၊ အနံ(၂)ပေနှင့်အမြင့်(၄)ပေရှိ သုသာန်အဝင်ဝ ကျောက်စီရေမြောင်းခင်းခြင်း အပိုင်း(၂)လုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၁၂.၄၀)သန်းဖြင့် အလျား(၆၂၀)ပေ၊ အနံ(၂)ပေနှင့်အမြင့်(၂)ပေရှိ ပိတောက်လမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၄၀)ဖြင့် အလျား(၆၂၀)ပေ၊ အနံ(၂)ပေနှင့် အမြင့်(၂)ပေရှိ ဇီဇဝါလမ်း အုတ်စီရေမြောင်း ခင်းခြင်းလုပ်ငန်းတို့ကို အောက်တိုဘာလမှစ၍ မြို့စည်ပင် သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန်ုစံညွှန်းနှင့်အညီ ပြည့်မီစေရေးအတွက် အနီးကပ်ကြီးကြပ်၍ လုပ်ငန်းများ ကို စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ၎င်းဖွံ့ဖြိုးရေးလုပ်ငန်း(၃)ခုသည် ရာခိုင်နှုန်း ပြည့်ဆောင်ရွက်ပြီး စီးပြီဖြစ်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)